Skip to main content

Posts

Showing posts from 2021

ချောင်းခွ

 မနေ ချောင်းခွတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်က ၃ ယောက်ကို စကစတပ်က ဖမ်းဆီးပြီးနောက် ၂ ယောက်ကို ပစ်သတ် ======== ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့တိုက်ပွဲအတွင်း ကင်းတာဝန်ယူဆောင်ရွက်နေသော မိမိတို့ပူးပေါင်းတပ်ဖွဲ့များဘက်မှ ပ.က.ဖအဖွဲ့ဝင် ၃ ဦးသည် အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ချောင်းခွရွာ စာသင်ကျောင်းအနီးတွင် ၂ ဦးပစ်သတ်ခံခဲ့ရ၍ ကျဆုံးသွားခဲ့ပြီဖြစ်‌ကြောင်း ဝမ်းနည်းစွာသတင်းထုတ်ပြန်အပ်ပါသည်။ ထို့ပြင် ယမန်နေ့ည ၇ နာရီ ဝန်းကျင်တွင် မင်းအောင်လှိုင်ကျေးကျွန်အကြမ်းဖက်စစ်သားများက ဟားခါးလေးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ လက်ရှိအချိန်ထိ မင်းအောင်လှိုင်လက်ပါးစေ လူသတ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ နတ်ချောင်း ကျေးရွာအတွင်း တပ်စွဲနေရာယူထားပြီး ရွာအတွင်းနေအိမ်များကို မွှေနှောက်ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်းသိရပါသည်လို့ People's Defence Force (Kalay) က ဒီနေ့တွင် နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲ

 ကလေးမြို့တွင် စစ်ကောင်စီတပ်နှင့် ကလေးPDF ပူပေါင်းတပ်တို့ တိုက်ပွဲဖြစ်၊ ဗိုလ်မှူးသန်းနိုင်၏ အမျိုး သမီး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ ဦး သေ ဆုံး၊ PDF ဘက်မှ ၁ ဦးကျဆုံး ရန်ကုန်၊ နိုဝင်ဘာ ၃  စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ကလေး PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးသန်းနိုင်၏ အမျိုးသမီး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ သေဆုံးကြောင်း ကလေး PDF ထံမှ သိရှိရသည်။  ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ညနေ ၃ နာရီ ဝန်းကျင်တွင် စုစုပေါင်း ယာဉ် ၈ စီးပါဝင်သည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ကလေးမြို့မှ တောင်ပိုင်းဘက်သို့ ဦးတည်လာပြီး စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင်  မိုင်းရှင်း လင်းရန် လမ်းလျှောက်တက်လာစဉ် PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။  ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင်ပင် ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ချောင်းခွ၊ နတ်ချောင်းရွာဘက်သို့ စစ်ကြောင်းတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် ပ.က.ဖ အဖွဲ့များက ပန်းမွန...

ဗဟို စစ်ရေး ပူပေါင်း ဆောင်ရွက်မှု့ ကော်မတီ

  တစ်နိုင်ငံလုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု ကြေညာပြီး နှစ်လနီးပါးရှိလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) အချို့ ပူးပေါင်းပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee/C3C) ဖွဲ့စည်းလိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ပြောသည်။  ထိုကော်မတီအောက်တွင် စစ်တိုင်းအလိုက် စစ်ဒေသဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့ စသဖြင့် ပါဝင်မည်ဖြစ်ကာ Chain of Command (အဆင့်ဆင့်ကွပ်ကဲမှုစနစ်) ဖြင့် စစ်ကောင်စီကို ထိရောက်စွာ ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို ယနေ့ (အောက်တိုဘာ ၂၈) ပြောကြားသည်။  "(ကော်မတီမှာ) NUG က ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေပါဝင်သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးဆိုင်ရာ ခေါင်းဆောင်များပါဝင်ပြီးတော့ စုပေါင်းဦးဆောင်မှုမျိုးနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ သို့သော် ထိုကော်မတီတွင် ပါဝင်ပြီးဖြစ်သည့် EAO နှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စများကို အဓိကကြီးကြပ...

မြေနီကုန်း ဖြစ်စဉ်

စမ်းချောင်းသတိ 🚨🚨 ၂၅ .၉.၂၁ ( စနေနေ့ ) #ယနေ့မနက်အစောပိုင်းတွင်ဖြစ်ပွားခဲ့သောမြေနီကုန်းဖြစ်စဥ္အကျဥ္း  မြေနီကုန်း မြ၀တီလမ်းတွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ ယနေ့မနက်စောပိုင်း ၁၂နာရီကျော်ကျော်လောက်တွင် မြေနီကုန်း ရှမ်းကုန်းလမ်းမှ DC တစ်စီး တိတ်တဆိတ်၀င်ရောက်လာကာ ရှမ်းကုန်းလမ်းတွင်ရှိသော YES Hair Saloon အကျော်ပြည်လမ်းမဘက်ရှိ လုံးချင်းတိုက်နားတွင်ရပ်ပြီး မြ၀တီလမ်းထဲသို့ လူနှစ်ဦး တိတ်တဆိတ်၀င်ရောက်သွားပါသည်။ မကြာခင် ထို DC သည် ရှမ်းကုန်းလမ်းမှ ၁:၂၀ ၀န်းကျင်ခန့်တွင် တိတ်တဆိတ် ပြန်လည်ထွက်ခွါပြီး ၁:၃၀ ခန့်တွင် အင်အား အလုံးရင်းဖြင့် ပြန်လည်၀င်ရောက်လာကာ YES Hair Saloon နားက လုံးချင်းတိုက်နားတွင် ကားရပ်ပြီး လူတစ်ဦးမှ စကားပြောစက်ဖြင့် ညွှန်ကြားမှုများပေးကာ မကြာခင်မှာပဲ သေနတ်သံများစတင်ကြားရပါသည်။ ထိုပစ်ခတ်မှုကို စခများဘက်မှ စတင်ပစ်ခတ်တာဖြစ်ပြီးတော့ ပစ်ခတ်ချိန်ကြာမြှင့်မှုမှာ ၁၅ - ၂၀ မိနစ် ကြာမြှင့်ကာ လမ်းမပေါ်သို့ပင် ကျည်ကျသံကြားများပင် ကြားခဲ့ရပါသည်။ မြ၀တီလမ်းရှိ တိုက်တံခါး၏ ရိုက်ချိုးသံများလဲ ကြားခဲ့ရပြီး အ​ေ၀းမှ ပြန်လည်ပစ်ခတ်သံ ၂ ချက် ၃ ချက်မျှ ကြားရသော်လည်း စခမ...

မြင်းသာရွာဖြစ်စဉ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာဖြစ်စဥ် စက်တင်ဘာ ၉ ရက်၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ ၃၀ခန့်သည် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာသို့ ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်။ ရွာတောင်ပိုင်းမှ နေအိမ် (၃၀) ကျော်ကို မီးရှို့ဖျက်စီးခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်း၊ အသက် (၁၈) အောက်လူငယ် (၁၂) ဦးအပါအဝင် ရွာသား စုစုပေါင်း (၁၈) ဦးကို အကြမ်းဖက်သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။  အလောင်းများသည် အစုအပြုံလိုက် သေဆုံးနေခြင်းဖြစ်ပြီး (၈) ဦးခန့်မှာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုခံရသည့်ဒဏ်ရာများနှင့်  ဦးခေါင်းကို ချိန်၍ ပစ်သတ်ခံထားကြောင်း တွေ့ရှိရသည်။ သက်ကြီးရွယ်အိုတစ်ဦးမှာ လက်ပြန်ကြိုးတုပ်ခံရပြီး ကျောတွင် ရိုက်နှက်ဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်း တွေ့ရသည်။  တစ်ဦးကို ကုလားထိုင်တွင် ကြိုးတုပ်ထားပြီး သေနတ်ဖြင့် ပစ်သတ်ထားခဲ့သည်။ သတ်ဖြတ်ခံခဲ့ရသူများမှာ (၁) ဦးထွန်းငွေ ၈၀ နှစ် (၂) ဦးကျော်ဆန်း ၅၀ နှစ် (၃) ဦးအောင်ငွေ ၅၀ နှစ် (၄) ဦးအောင်တင် ၅၀ နှစ် (၅) ဦးရန်အေး  ၅၀ နှစ် (၆) မောင်ဒို့မောင်မောင် ၃၅ နှစ် (၇) မောင်ပြည့်ဖြိုးဝင်း ၁၈ နှစ်အောက် (၈) မောင်...

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

၂၀၂၁-၀၉-၀၇

 ကလေးဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)မှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦးနဲ့ လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးတို့ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီထိပ်ပိုင်းနဲ့ နီးစပ်တဲ့ သူက ဒီဗွီဘီကို ပြောပါတယ်။ ကလေး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ် သန့်ဇန်ဦးကို ကနီမှာ စစ်တပ်က ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး အရေးယူဖို့ပြောဆိုခဲ့ပေမယ့် လက်ရှိမှာတော့ အဂတိမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာလို့ ဆိုပါတယ်။ ကနီမှာ စစ်ကောင်စီရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့ တပ်မ ၄၄ နဲ့ တပ်မ ၉၉ တပ်တွေက စစ်အင်အားအများအပြားသုံးပြီး ဒေသခံ ပြည်သူ ၄၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ  စစ်ရာဇဝတ်မှုနဲ့ တရားစွဲနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။   လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးတော့ လွိုင်ကော်မှာ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုတွေများခဲ့တာကြောင့် စစ်ဆင်ရေးတာဝန်ပေါ့လျော့မှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ အခုဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဒကစမှူးတွေ...

၂၀၂၁-၀၉-၂၈

 ရှမ်း​မြောက်က ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီဘက်က တပ်ရင်းမှူးနှစ်ဦးနှင့် တပ်ရင်း တစ်ရင်းလုံးနီးပါးကျ 28 August 2021 - Kachinwaves  ရှမ်းပြည်နယ်မြောက်ပိုင် မုံးကိုးမြို့နယ်၊ မန်ခွမ်နှင့် မန်ပိန်းတို့ ကြားလှုပ်ရှား​နေသည့် စစ်​ကောင်စီစစ်​ကြောင်းတစ်ခုအား ယ​နေ့ည​နေပိုင်းတွင် ကေအိုင်အေ နှင့် ကိုးကန့်တပ် MNDAA တို့ ပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီဘက်မှ တပ်ရင်းမှူးနှစ်ဦးအပါ တပ်ရင်းတစ်ခုလုံးနီးပါး ကျဆုံးသွား​ကြောင်း သတင်းရရှိသည်။  "တက်လာတဲ့ စစ်​ကောင်စီစစ်​ကြောင်းကို ဝိုင်းပြီးတိုက်တာတဲ့။ တပ်ရင်းမှူးက ၃ယောက်ပါတယ်​ပြောတယ်။ နှစ်​ယောက်က ​သေသွားတယ်၊ တစ်​ယောက်က ဒဏ်ရာပြင်းထန်လို့ မုံးကိုးဗျူဟာက ​လေယာဥ်နဲ့လာသယ်သွားတယ်တဲ့။ တပ်ရင်းတစ်ခုလုံးနီးပါး ကျသွားတယ်တဲ့။ ရာဂဏန်းရှိတယ်တဲ့"ဟု​ ဒေသခံတစ်ဦးကဆိုသည်။  အဆိုပါ ​နေရာတွင် ယ​နေ့နံနက် ၈ နာရီမှ ၁၀ နာရီထိတစ်ကြိမ်ယ​နေ့ည​နေ ၄ နာရီမှ ၇ နာရီထိတစ်ကြိမ် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယ​နေ့ည​နေတိုက်ပွဲ၌ စစ်​ကောင်စီဘက်မှ အကျအဆုံးများကြောင်းသိရသည်။  အဆိုပါ​ဒေသဘက် တက်လာသည့် စစ်​ကောင်စီတပ်ရင်း ၃ ခုဖြစ်ပြီး ယ​နေ့ညကျသွားသည့် တပ်ရင်းမှာ အမှတ် (၅၂၅)ခမရ တပ်ရင်း...

၂၀၂၁-၀၉-၁၄

  ရထားလုံခြုံရေးရဲတပ်ဖွဲ့ဝင်လေးဦးကို ပစ်သတ်ပြီး သေနတ်များလုယူသွားမှုအလုံဘူတာအထွက်တွင်ဖြစ်ပွား ဩဂုတ် ၁၄ ၊၂၀၂၁ (TRN) မြို့ပတ်ရထားလုံခြုံရေး လိုက်ပါလာသောရဲတပ်ဖွဲ့ဝင်ခြောက်ဦးကို တစ်တွဲထဲအတူလိုက်ပါလာသူများမှ ဩဂုတ်လ ၁၄ ရက် ညနေ ၅း၀၀ နာရီတွင်သေနတ်ဖြင့် ပစ်ခတ်သဖြင့်ရဲတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီး သေနတ်လေးလက်ကိုပစ်ခတ်သူများကယူဆောင်သွားကြောင်းသိသည်။ ဖြစ်စဉ်မှာ ရဲတပ်ကြပ်မြင့်ဌေးပါတပ်ဖွဲ့ဝင်ခြောက်ဦးသည် မြို့ပတ်ရထားလုံခြုံရေးအဖြစ်နောက်ဆုံးတွဲမှ လိုက်ပါလာစဉ် တွဲအတွင်းအတူစီးနင်းလာသူများက အလုံဘူတာမှကြည့်မြင်တိုင်ဘူတာသို့ရထားထွက်ခွာစဉ် သေနတ်ဖြင့်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်လေးဦးအခင်းဖြစ်နေရာတွင်သေဆုံးကာ ကျန်နှစ်ဦးမှာလည်း ဒဏ်ရာများရသဖြင့် အမှတ်(၂)တပ်မတော်စစ်ဆေးရုံ(ကုတင်- ၅၀၀) သို့ ပို့ဆောင်ထားရပြီးပစ်ခတ်သူအကြမ်းဖက်သမားများသည် ရဲတပ်ဖွဲ့ဝင်တို့၏သေနတ်လေးလက်ကိုပါလုယူသွားကြောင်းသိရသည်။  အခင်းဖြစ်နေရာမှပစ်ခတ်ထားသောလျူဂါပစ္စတိုကျည်ခွံ ၁၇ ခုတွေ့ရှိခဲ့ကြောင်းသိရသည်။

ဝေဝေမြင့်

  အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော အထွေထွေအကျပ်အတည်းများနှင့် ကိုဗစ်ကပ်ရောဂါတတိယလှိုင်း အပြင်းအထန်ရိုက်ခတ်မှုကြောင့် ရန်ကုန်မြို့လူထုသည် အဆိုးရွားဆုံးသော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့် ရင်ဆိုင်နေရသည်။ ဩဂုတ်လဆန်း ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းတွင် နေထိုင်နေသူ အသက် ၂၉ နှစ်အရွယ် အသားဖြူဖြူ၊ နှာတံကောင်းကောင်း ရုပ်ရည်ချောမောလှသည့် ကလေးတစ်ဦး၏ မိခင်ဖြစ်သူ မဝေဝေမြင့်နှင့် သူ၏အမျိုးသား သွားဆရာဝန် ဒေါက်တာစိုးမြတ်သူတို့မိသားစု မန္တလေးသို့ လေယာဉ်ဖြင့်သွားပြီး၊ ထိုမှတစ်ဆင့် ပြင်ဦးလွင်မြို့သို့ စိတ်ပြေလက်ပျောက်ခရီးထွက်ခဲ့ကြသည်။ သူတို့လင်မယားနှစ်ယောက် ကိုဗစ်ကူးစက်ခံရကာ သက်သာပျောက်ကင်းပြီးနောက် ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။  ဩဂုတ် ၁၀ ရက်နေ့ အပြန်တွင် အသွားအတိုင်း တစ်နာရီခန့်ကြာသည့် လေယာဉ်ခရီးဖြင့် မန္တလေးမှ ရန်ကုန်သို့ ပြန်မည်ဟု မူလကစီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ကြမ္မာကဖန်လာသည်။  အလုပ်ကိစ္စတစ်ခုပေါ်လာသဖြင့် ရန်ကုန်ကို စောရောက်ချင်သည်၊ သို့သော် လေယာဉ်က မန္တလေးမှ ညနေ ၃ နာရီခန့်မှ ထွက်မည်ဖြစ်၍ အပြန်နောက်ကျနေမည်ဟူ၍ စိတ်လောကာ ကားစင်းလုံးငှား၍ တစ်ရက်စောပြီး ဩဂုတ် ၉ ရက်တွင် ရ...

၄၄ လမ်း

 ရန်ကုန် ဗိုလ်တထောင်မှ ကျဆုံးလူငယ် ၆ ဦး၏ ရုပ်အလောင်းများကို  စစ်ကောင်စီက စုပေါင်း သဂြိုလ်ရန် စီစဉ်နေ၊ မောင်ကောင်းမင်းသန့် သေနတ်ဖြင့် အပစ်ခံရပြီး တိုက်ပေါ်မှ ပြုတ်ကျပြီးနောက် ကျန်လူငယ် ၅ ဦးပါ လိုက်ပါ ခုန်ချသွားခြင်းဖြစ် ရန်ကုန်၊ ဩဂုတ် ၁၁  ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း အောက်ဘလောက် အိမ်အမှတ် ၃၈ ကို အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်များက ဝင်စီးနင်းစဉ် တိုက်ပေါ်မှ ပြုတ်ကျ၊ ခုန်ချ၍ သေဆုံးသွားသော ကျဆုံးလူငယ် ၆ ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီက မိသားစုများထံ ပြန်မပေးဘဲ စုပေါင်းသဂြိုလ်ရန်ရှိနေကြောင်း ရဲနှင့်နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။  ယမန်နေ့ ညနေပိုင်း စစ်ကောင်စီတပ်များက ဗိုလ်တထောင်တိုက်ခန်းကို စီးနင်းစဉ် လူငယ် ၅ ဦး တိုက်ပေါ်မှ ပြုတ်ကျ၊ ခုန်ချ၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး လိုက်လံ ဖမ်းဆီးစဉ် စစ်ကောင်စီတပ်များက လူငယ်များကို ပစ်ခတ်ခဲ့မှု ရှိခဲ့ကြောင်း  သိရှိရသည်။  "ကောင်းမင်းသန့်က တိုက်ပေါ်မှာ အရင်ဆုံး အပစ်ခံရပြီး ပြုတ်ကျသွားတာ၊ အဲဒါ ကျန်တဲ့သူတွေက လက်တွဲပြီး ခုန်ချလိုက်ကြတာ" ဟု ဖြစ်စဉ်ကို သိရှိထားသော မျက်မြင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ယနေ့နံနက်တွင် ဆက်သွ...

မင်းကင်း ပန်းဆက်ရွာ - တောင်ဖြူရွာ တိုက်ပွဲ

Source: BBC Burmese နစကကြီးနဲ့ နမခတိုင်းမှူးခင်ဗျာ အစချီပြီး "ဒီနေ့မနက် ၅ နာရီကစပြီး PDF ၂၀၀ ကျော်က ပန်းဆက်ရွာကိုတိုက်ခိုက်နေပါတယ်။ တိုင်းမှူးကိုသတင်းပို့ထားပါပြီ။ စစ်ကူအချိန်မီမလွှတ်နိုင်ရင် ရွာကို သူတို့ဝင်စီးနိုင်တော့မှာပါ။" ဆိုတဲ့ facebook post တခု မင်းကင်းကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်ရဲ့ Account ကနေ ဇူလိုင်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့မနက်မှာတက်လာပါတယ်။   နေ့ခင်းပိုင်းမှာတော့ ပျူစောထီးတွေရဲ့ facebook account လို့ဆိုတဲ့နေရာတွေကနေ ရွာသားတချို့ကို သတ်ဖြတ်ထားတဲ့ပုံတွေတက်လာပါတယ်။ အနီးကပ်ပစ်ခတ်ထားတယ်လို့ ယူဆဖွယ်ဖြစ်တဲ့ ပွင့်ထွက်ဒဏ်ရာတချို့ကိုတွေ့ရပါတယ်။ မျက်နှာမှာ အညိုအမည်းတွေ တွေ့ရသလို သေဆုံးသူတယောက်မှာ မျက်လုံးတဖက်ပိတ်လောက်အောင် ဖူးယောင်နေတာကိုလည်း တွေ့ရတဲ့အတွက် မသေခင်မှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလိမ့်မယ်လို့ တချို့က ယူဆကြပါတယ်။  ပန်းဆက်ရွာကို ဘာ့ကြောင့်တိုက်သလဲ ပန်းဆက်ရွာဟာ လူဦးရေ ၄၀၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာပါ။ မင်းကင်းမြို့နယ်ထဲမှာ ဒုတိယအကြီးဆုံးရွာဖြစ်ပြီး ရွေးကောက်ပွဲမှာ မဲပေးခွင့်ရတဲ့လူဦးရေကတောင် ၂၈၀၀ ကျော် ရှိပါတယ်။  "ပန်းဆက်ရွာက ပန်းဆက်နေတာကတော့ ပြည်...