Skip to main content

တိုက်ပွဲ

 ကလေးမြို့တွင် စစ်ကောင်စီတပ်နှင့် ကလေးPDF ပူပေါင်းတပ်တို့ တိုက်ပွဲဖြစ်၊ ဗိုလ်မှူးသန်းနိုင်၏ အမျိုး သမီး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ ဦး သေ ဆုံး၊ PDF ဘက်မှ ၁ ဦးကျဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၃ 


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ကလေး PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးသန်းနိုင်၏ အမျိုးသမီး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ သေဆုံးကြောင်း ကလေး PDF ထံမှ သိရှိရသည်။ 


ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ညနေ ၃ နာရီ ဝန်းကျင်တွင် စုစုပေါင်း ယာဉ် ၈ စီးပါဝင်သည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ကလေးမြို့မှ တောင်ပိုင်းဘက်သို့ ဦးတည်လာပြီး စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင်  မိုင်းရှင်း လင်းရန် လမ်းလျှောက်တက်လာစဉ် PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။ 


ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင်ပင် ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ချောင်းခွ၊ နတ်ချောင်းရွာဘက်သို့ စစ်ကြောင်းတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် ပ.က.ဖ အဖွဲ့များက ပန်းမွန်ချောင်းတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ် ပွားချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားများ အသေအဆုံးရှိနိုင်သော်လည်း အတည်ပြုနိုင်ခဲ့ခြင်းမရှိဟု သိရှိရသည်။ 


ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၇နာရီခွဲအချိန်ခန့်မှ စတင်၍ PDF (Kalay)၊ CNDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ပန်းမွန်ချောင်းတံတားအနီး ကျောက်ခွဲစက်တွင်စခန်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကြောင်း ၂ ကြောင်း ဖြင့် ညှပ်ပိတ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။  


တချိန်တည်းတွင် ကလေးမြို့ဘက်မှ စစ်ကူတက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထပ်မံစစ်‌ကြောင်းလျှောက်တက်လာသော အကြမ်းဖက်စစ်သားများကို နတ်မြောင်းရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပိတ်ဆို့၍ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


ယနေ့တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ကလေးမြို့စစ်ကောင်စီဆေးရုံသို့ အကြမ်းဖက်စစ်သားအလောင်း ၄၇ လောင်း ရောက်ရှိလာခဲ့ကြောင်း အတည်ပြုသိရှိရကြောင်း၊ ယနေ့တိုက်ပွဲများအတွင်း မိမိတို့ပူးပေါင်းတပ်ဖွဲ့များဘက်မှ ပ.က.ဖ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။ 


ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက နတ်ချောင်းရွာနှင့် နတ်မြောင်းရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့ရာ လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦးကျဆုံးခဲ့ရပြီး၊ ၄ ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း ၊ ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက နတ်မြောင်း၊ ‌နတ်ချောင်း၊ ချောင်းခွရွာများအတွင်းသို့ ဝင်ရောက်၍ နေအိမ်များကို မွှေနှောက်ဖျက်စီးမီးရှို့လျက်ရှိရာ ညနေ ၄ နာရီအချိန်ထိ မြေပြင်သတင်း များအရ ချောင်းခွရွာမှ နေအိမ် ၃ လုံး မီးလောင်ကျွမ်းပျက်စီးသွား‌ပြီဖြစ်ကြောင်း  ညနေ ၄ နာရီအချိန်အထိ အကြမ်းဖက်စစ်သားများသည် ချောင်းခွရွာဘက်မှ ဟားခါးလေးရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း PDF ဘက်က ထုတ်ပြန်သည်။ 


ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ကလေးမြို့ နတ်ချောင်း၊နတ်မြောင်း ကျေးရွာအနီး ကလေး-ဂန့်ဂေါကားလမ်းပေါ်တွင် ကားတစ်စီးကို PDF က ရပ်တန့်ခိုင်းရာ မရပ်သဖြင့် လိုက်လံ ပစ်ခတ်ရာ လက်ရှိကလေးတပ်နယ်တွင် တာဝန်ကျနေသော ဗိုလ်မှုးသန်းနိုင်၏ အမျိုးသမီးဖြစ်သူ သေဆုံးသွားကြောင်း သိရှိရသည်။ 


Photo - Reuters

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...