Skip to main content

၄၄ လမ်း

 ရန်ကုန် ဗိုလ်တထောင်မှ ကျဆုံးလူငယ် ၆ ဦး၏ ရုပ်အလောင်းများကို  စစ်ကောင်စီက စုပေါင်း သဂြိုလ်ရန် စီစဉ်နေ၊ မောင်ကောင်းမင်းသန့် သေနတ်ဖြင့် အပစ်ခံရပြီး တိုက်ပေါ်မှ ပြုတ်ကျပြီးနောက် ကျန်လူငယ် ၅ ဦးပါ လိုက်ပါ ခုန်ချသွားခြင်းဖြစ်


ရန်ကုန်၊ ဩဂုတ် ၁၁ 


ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း အောက်ဘလောက် အိမ်အမှတ် ၃၈ ကို အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်များက ဝင်စီးနင်းစဉ် တိုက်ပေါ်မှ ပြုတ်ကျ၊ ခုန်ချ၍ သေဆုံးသွားသော ကျဆုံးလူငယ် ၆ ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီက မိသားစုများထံ ပြန်မပေးဘဲ စုပေါင်းသဂြိုလ်ရန်ရှိနေကြောင်း ရဲနှင့်နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။ 


ယမန်နေ့ ညနေပိုင်း စစ်ကောင်စီတပ်များက ဗိုလ်တထောင်တိုက်ခန်းကို စီးနင်းစဉ် လူငယ် ၅ ဦး တိုက်ပေါ်မှ ပြုတ်ကျ၊ ခုန်ချ၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး လိုက်လံ ဖမ်းဆီးစဉ် စစ်ကောင်စီတပ်များက လူငယ်များကို ပစ်ခတ်ခဲ့မှု ရှိခဲ့ကြောင်း  သိရှိရသည်။ 


"ကောင်းမင်းသန့်က တိုက်ပေါ်မှာ အရင်ဆုံး အပစ်ခံရပြီး ပြုတ်ကျသွားတာ၊ အဲဒါ ကျန်တဲ့သူတွေက လက်တွဲပြီး ခုန်ချလိုက်ကြတာ" ဟု ဖြစ်စဉ်ကို သိရှိထားသော မျက်မြင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ယနေ့နံနက်တွင် ဆက်သွယ်ပြောဆိုလာသည်။


ကျဆုံးသွားသည့် လူငယ်များမှာ မောင်ကောင်းမင်းသန့်၊ မောင်ရဲမင်းဦး၊ မောင်ဝေယံထက်၊ မဝေဝေမြင့်၊ ကိုဝေဇော်၊ မောင်မင်းသစ္စာအောင်တို့ ကွယ်လွန်သွားကြပြီး သီဟကောင်းဆက်နှင့် မပိုးကျော်​ကျော်ခန့်မှာ ဖမ်းဆီးရခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"သိသလောက်ကတော့ သေသွားတဲ့လူငယ်တွေကို ဘယ်သူတွေလဲဆိုတာ စိစစ်နေတယ်။ ဖမ်းမိတဲ့သူဆီကနေ တစ်ဆင့် မေးမြန်းနေတယ်လို့ သိထားပါတယ်။ သူတို့တိုက်ခန်းထဲမှာလည်း ပစ္စည်းတွေ မိထားတော့  ဆုံးသွားတဲ့သူတွေက အမှုရှိတယ်ပေါ့။ အဲဒီတော့ မိသားစုဆီကို အလောင်းပြန်ပေးတာမျိုး မရှိနိုင်ပါဘူး။ မိသားစုကို ရဲဘက်ကနေ အကြောင်းကြားမယ်။ သဂြိုလ်တဲ့အချိန် လာဖို့ ခေါ်မယ်။ ဓာတ်ပုံရိုက်တာတွေ ဘာတွေလည်း ခွင့်ပြုဖို့မရှိနိုင်ဘူး။  ဒီဘက်က အစီအစဉ်နဲ့ပဲ သဂြိုလ်ဖို့ရှိတယ်။ အခုကတော့ သိသလောက် စိစစ်နေဆဲပဲ" ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


ပေးပို့လာတဲ့ သတင်းတွေ အရ ဗိုလ်တစ်ထောင်က တိုက်ပေါ်ကနေ ခုန်ချတဲ့ ကလေးတွေ အဖွဲ့မှာ

- မင်းသစ္စာအောင် (ခ) ဗလ

- ကောင်းမင်းသန့် (ခ) flex

- သီဟကောင်းဆက်

- ပိုးကျော့ကျော့သွယ်

- ဝေထွန်း

- ရဲမင်းဦး (ခ) ရဲကြီးတို့ 

ပါဝင်တယ်လို့ သိရပါတယ်။


လောလောဆယ်တော့ တိုက်ပေါ်က ခုန်ချတဲ့ ၅ ယောက်စလုံး ကျဆုံးသွားပြီလို့ သိရပြီး မခုန်ချ ဖြစ်တဲ့ တစ်ယောက် ကတော့ အဖမ်းခံထားရ ပါတယ်။ ဘယ်သူက ကျဆုံးပြီး ဘယ်သူက အဖမ်းခံရတယ် ဆိုတာ အတိအကျ မသိရသေး ပါဘူး။

P.S. တစ်ဦးတည်းသော အမျိုးသမီးက Facebook မှာ Wai Wai Myint (ပန်းသီး) ဆိုတဲ့ အကောင့် ရှိတယ်လို့ သိရပါတယ်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...