မနေ ချောင်းခွတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်က ၃ ယောက်ကို စကစတပ်က ဖမ်းဆီးပြီးနောက် ၂ ယောက်ကို ပစ်သတ် ======== ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့တိုက်ပွဲအတွင်း ကင်းတာဝန်ယူဆောင်ရွက်နေသော မိမိတို့ပူးပေါင်းတပ်ဖွဲ့များဘက်မှ ပ.က.ဖအဖွဲ့ဝင် ၃ ဦးသည် အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ချောင်းခွရွာ စာသင်ကျောင်းအနီးတွင် ၂ ဦးပစ်သတ်ခံခဲ့ရ၍ ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းစွာသတင်းထုတ်ပြန်အပ်ပါသည်။ ထို့ပြင် ယမန်နေ့ည ၇ နာရီ ဝန်းကျင်တွင် မင်းအောင်လှိုင်ကျေးကျွန်အကြမ်းဖက်စစ်သားများက ဟားခါးလေးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ လက်ရှိအချိန်ထိ မင်းအောင်လှိုင်လက်ပါးစေ လူသတ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ နတ်ချောင်း ကျေးရွာအတွင်း တပ်စွဲနေရာယူထားပြီး ရွာအတွင်းနေအိမ်များကို မွှေနှောက်ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်းသိရပါသည်လို့ People's Defence Force (Kalay) က ဒီနေ့တွင် နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကလေးမြို့တွင် စစ်ကောင်စီတပ်နှင့် ကလေးPDF ပူပေါင်းတပ်တို့ တိုက်ပွဲဖြစ်၊ ဗိုလ်မှူးသန်းနိုင်၏ အမျိုး သမီး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ ဦး သေ ဆုံး၊ PDF ဘက်မှ ၁ ဦးကျဆုံး ရန်ကုန်၊ နိုဝင်ဘာ ၃ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ကလေး PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးသန်းနိုင်၏ အမျိုးသမီး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ သေဆုံးကြောင်း ကလေး PDF ထံမှ သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ညနေ ၃ နာရီ ဝန်းကျင်တွင် စုစုပေါင်း ယာဉ် ၈ စီးပါဝင်သည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ကလေးမြို့မှ တောင်ပိုင်းဘက်သို့ ဦးတည်လာပြီး စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် မိုင်းရှင်း လင်းရန် လမ်းလျှောက်တက်လာစဉ် PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင်ပင် ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ချောင်းခွ၊ နတ်ချောင်းရွာဘက်သို့ စစ်ကြောင်းတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် ပ.က.ဖ အဖွဲ့များက ပန်းမွန...