Skip to main content

ပြည်သူ့ကာကွယ်ရေး တပ်မတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်
ကြေညာချက် အမှတ် ၁/၂၀၂၁
၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကာကွယ်ရေးမူဝါဒနှင့်အညီ ဖွဲ့စည်း တည်ထောင်ထားသော တပ်မတော်ဖြစ်သည်။

၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အား ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှု များ၊ စစ်ရေးအရရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရာတွင် ရှေ့ပြေးအမြုတေအဖြစ် ပါဝင်ရေး ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားပြီး၊ အဓိကတာဝန်မှာ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။

၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အား ဖွဲ့စည်းရာတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်သူ လူထုအပေါ် သစ္စာစောင့်သိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ ရဲရင့်မှုရှိခြင်း၊ ရိုးသားမှုရှိခြင်း၊ ဖက်ဒရယ် ပြည်ထောင်စုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း၊ Law of Armed Conflicts အပါအဝင် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေများကို လိုက်နာခြင်း ဟူသည့် စစ်ဘက်ဆိုင်ရာတန်ဖိုး (Military Values) များကို ထားရှိသည်။

၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့ဝင်များအားလုံးသည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ အရပ်သားပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ ကျင့်ဝတ်များကို မည်သည့်အခြေအနေမျိုးတွင် မဆို လေးစားလိုက်နာရမည်ဖြစ်ပြီး၊ ကျင့်ဝတ်စောင့်ထိန်းသော ဂုဏ်သိက္ခာရှိသည့် တပ်မတော်တစ်ရပ် အဖြစ် ရပ်တည်မည် ဖြစ်သည်။

၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဟူသည့် စစ်တိုင်း ငါးခုဖြင့် ဖွဲ့စည်းထားရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များကို အခြေခံ၍ ဖွဲ့စည်းထားခြင်း မရှိဘဲ၊ သက်ဆိုင်ရာ စစ်တိုင်းများအောက်တွင် တပ်ရင်း တပ်ဖွဲ့များ အဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားရှိသည်။

၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် အမှုထမ်းလိုသူတိုင်းသည် သတ်မှတ်ထားသော စစ်ပညာ သင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ စစ်တိုင်းအောက်ရှိ တပ်ရင်းတစ်ခုတွင် ပေးအပ် သော တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။

၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုသော နယ်မြေ ဒေသအလိုက် ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအား စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ နှင့်အညီ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ပုံ
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ



ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force) ၏ သစ္စာ ဓိဋ္ဌာန် ၄ ချက်
၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိပါမည်။
၂။ ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများကို သစ္စာစောင့်သိပါမည်။
၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။
၄။ ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငါတို့၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...