Skip to main content

၂၀၂၁-၀၅-၁၆

 တောင်ဒဂုံမှ အသက် ၄၂ နှစ်အရွယ် ကိုကျော်ကျော်ကို  အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်၊  ဆေးစာတွင် ရောဂါခံအကြောင့် သေဆုံးဟု လက်မှတ်ထိုးမှ ပုပ်ပွနေသောအလောင်းကို သဂြိုလ်ခွင့်ပြု


ရန်ကုန်၊ မေ ၁၆ 


ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၅၆ ရပ်ကွက်မှ အသက် ၄၂ နှစ်အရွယ် ကိုကျော်ကျော်ကို အကြမ်းဖက်လူသတ်ဖက်ဆစ်စစ်ကောင်စီတပ်များက မေလ ၁၄ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ပြီး ၂ ရက်အကြာ သတ်ဖြတ်ပြီး ပုပ်ပွနေသော အလောင်းပြန်ပေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


ကိုကျော်ကျော်အပါအဝင် အမျိုးသား ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခဲ့ကြောင်း၊ ယခင်က တောင်ဒဂုံတွင် စစ်ကောင်စီကို ခံတပ်ဆောက်၍ ခုခံစဉ်က ဦးဆောင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ မိုဘိုင်းလ်ဖုန်းတွင် တော်လှန်ရေး ဓာတ်ပုံများ တွေ့သည်ဟုဆိုကာ ညှဉ်းပန်းနှိပ်စက်ကြကြောင်း၊ ယင်းနောက် ၂ ရက်အကြာတွင် အလောင်းပြန်ပေးပြီး ဆေးစာတွင် ရောဂါအခံကြောင့် သေဆုံးသည်ဟု ရေးသားစေကြောင်း သိရှိရသည်။ 


"ကိုကျော်ကျော်ကို မူလအခံရောဂါကြောင့်သေဆုံးဟု လက်မှတ်ထိုးထုတ်ရတယ်။ ဖုန်းထဲမှာ တော်လှန်ရေးဓါတ်ပုံများမိလို့ဆိုပြီး ၁၄ ရက်နေ့ ညနေ ၄ နာရီက ဖမ်းသွားတာ။ ဒီနေ့ ကြည်စု မှာ မီးသဂြိုလ်တယ်။ အလောင်းက ပုပ်နေပြီ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


"အရင် ၅၆ မှာဖြစ်တဲ့ကိစ္စမှာ ဦးဆောင်သူထဲပါတယ်ဆိုပြီး ဖမ်းသွားတာ သူက ကားမှတ်တိုင်နားမှာဒိန်ချဥ်ရောင်းတယ်။ ဒီကနေ့ပဲအလောင်းပြန်လာပို့လို့ချက်ခြင်းသဂြိုလ်လိုက်ရတယ် အလောင်းမှာကလီစာတွေတခုမှမပါတော့ဘူး" ဟု​ ဒေသခံတစ်ဦးက ဆိုသည်။ 


ဒေသခံများ၏ အဆိုအရ ရုပ်အလောင်းတွင် နှိပ်စက်ထားသော ဒဏ်ရာ ဒဏ် ချက်များစွာ တွေ့ရပြီး မျက်နှာတွင် အညိုအမည်းများရှိကြောင်း၊ ပါးစပ်တွင်လည်း သွားများရိုက်ချိုးခံထားရသည့် ပုံရှိပြီး ပါးစပ်တစ်ခုလုံး ရောင်ကိုင်းနေကြောင်း သိရှိရသည်။ 


ကိုကျော်ကျော်၏ အသုဘအခမ်းအနားကို စစ်ကောင်စီတပ်များက လိုက်လံ ကြည့်ရှုပြီး ဓာတ်ပုံ ရိုက်ကူးခွင့်မပေးကြောင်း သိရှိရသည်။


ကိုကျော်ကျော်နှင့်အတူ ဖမ်းဆီးခံရသော ကျန်အမျိုးသား ၃ ဦး၏ အခြေအနေကိုလည်း လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာမရရှိသေးကြောင်း  ဒေသခံများက ပြောဆိုကြသည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...