Skip to main content

၂၀၂၁-၀၅-၀၇ စစ်ရေး

Soure: Nyein Aye Eain

2021 နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် တိုက်ပွဲပြင်းပြင်းတွေကို ကလေးမြို့ တာဟန်းရပ်ကွက်က စတယ်ထင်တယ်။ အဲ့ဒီနောက် တမူး။ ခု မင်းတပ်၊ မတူဘီ၊ ထီးလင်းတွေမှာ တိုက်ပွဲတွေဖြစ်တယ်။ မင်းတပ်ဆိုရင် သူ့မြို့ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်တာတွေ့ရတယ်။ မြင်းခြံ ခံတပ်တွေကလည်း နာမည်ကျော်ခဲ့တယ်။ ပဲခူးက မဂ္ဂတစ်လမ်းမကြီးရောပေါ့။

ဒီရက်ပိုင်းတွေမှာ အဖြူရောင်စက်ဝိုင်းထဲက ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်က ရွာတွေ တိုက်ပွဲသတင်းတက်နေတယ်။ တကယ်က အဲ့ဒီရွာတွေမှာ ရွာလုံးကျွတ်တောထဲတိုး (မိုးထဲရေထဲမှာ) နေနေရတဲ့ လူဦးရေက သောင်းချီနေပြီ။ မြန်မာပြည်အလည်ပိုင်းမှာ စစ်ပြေးတွေရှိခဲ့တဲ့ သမိုင်းတွင်သွားတာပေါ့။

သူ့နေရာအထက်ဘက်က တန့်ဆည်၊ ဒပဲယင်း၊ ဝက်လက်တို့ကလည်း လက်နက်ကိုင်စွဲ ရသမျှ နှိပ်ကွပ်ဖြိုခွဲနေကြတာပဲ။

အင်တာနက်ခေတ်ကြီးပေမယ့် သတင်းရင်းမြစ်တွေက တစ်ခုနဲ့ တစ်ခု မတူပြန်ဘူး။ ဘယ်ဟာမှန်တယ်ဆိုတာ သုံးသတ်ဖို့ခက်လာတယ်။ ဒါပေမယ့် အချက်အလက်အနေနဲ့တော့ စုရပြန်တယ်။

ခု ရတဲ့ သတင်းလေးပါ။ ဖတ်ပါ။ ချင့်ချိန်ပါ။ အခြားချိန်ညှိလို့ရမယ့် သတင်းတွေနဲ့ ညှိယူပါ။

တော်လှန်ရေးကတော့ တကယ်စနေပြီ။ ဘယ်လောက်အရှိန်ကောင်းကောင်း တောက်လောင်နိုင်မလဲသာ မသိတာ။

အပြာရောင်စက်ဝိုင်းတွေက တော်လှန်ရေးဧရိယာဝန်းကျင်က မြို့တွေကို ပြပေးထားတာပါ။

မြေပုံကြည့်ပါ။ တော်လှန်သူတွေကို အားပေးပါ။

သတင်းက ဒီလို။

.......

ကနီမြို့သတင်း ...

ကနီမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကနီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲသတင်းမှန်က စစ်ကောင်စီက သတင်းထုတ်ပြန်သလို ရေကြောင်းကနေ တပ်ပြောင်းရွှေ့လာတဲ့ စခတပ်ကို ပြည်သူတွေက စောင့်တိုက်တာ မဟုတ်ဘူး။

ယခင်ရက်တွေမှာ အထိနာထားခဲ့တဲ့ အကြမ်းဖက် စခတပ်တွေ ပြန်လာနိုင်မယ်ဆိုတာကို သိလို့ ပြည်သူ့ကာကွယ်ရေး တပ်တွေက ကားလမ်းတွေကို ပိတ်ဆို့စောင့်ဆိုင်းနေကြချိန်မှာ

ကောက်ကျစ်ဉာဏ်များတဲ့ စခတပ်တွေက သင်္ဘောသုံးစီး အင်အား ၄၀၀ လောက်နဲ့ စစ်ဗျူဟာမှူး ကိုယ်တိုင်ဦးစီးပြီး ချင်းတွင်းမြစ်ကို ဆန်တက်ကာ ကနီမြို့ရဲ့ မြစ်အရှေ့ဘက်က ရွာသာရွာ၊ ဝက်ချောင်းကြီးရွာ စတဲ့ရွာတွေကို ဝင်ရောက်လာပြီး တွေ့သမျှ လူငယ်တွေကို လိုက်လံဖမ်းဆီး နေအိမ်တွေကို လုယက်ဖျက်ဆီးခဲ့ကြတယ်။

လွန်ခဲ့တဲ့ နှစ်ရက်လောက်မှာ ကျေးရွာတွေက လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မနေ့ကတော့ ကာကွယ်ရေးတပ်တွေ အင်အားပြန်စုရုံးကာ နယ်ကျွံလာကြတဲ့ အကြမ်းဖက်စခတပ်တွေကို တူးမီးဆွမ်းအပြင်၊ နာနတ်သီး အချိုပွဲပါ ဝိုင်းကပ်လိုက်ကြတာ စခတပ်က ယာယီ တပ်ရင်းမှူးတာဝန်နဲ့ ရွာတွေထဲကို ဦးဆောင်လာတဲ့ ဗိုလ်မှုးသန့်စင်မြင့်(ခေတ္တတပ်ရင်းမှုး)အမှတ် ၄၀၄၊အမြောက်တပ်ရင်းနှင့် နောက်လိုက်နောက်ပါ အရာရှိအရာခံ အကြပ်တပ်သား ၃၀ ဦးလောက်ကို မြေဩဇာအဖြစ် ပို့ဆောင်ပေးနိုင်ခဲ့ကြပြီး

ကနီပြည်သူ့ကာကွယ်ရေး တပ်မှ အသက် ၂၅ နှစ်အရွယ် မောင်ကျော်စွာဖြိုး အထက်ကင်းရွာမှ လူငယ်တစ်ဦး ကနီမြို့နဲ့ တိုင်းပြည်အတွက် ရဲဝံ့စွာ ကျဆုံးသွားခဲ့ရပါတယ်။

အကြမ်းဖက် စခတပ်ကို နေ့စဉ်မြို့နယ်အနှံ့မှာ ခုခံတော်လှန်နေကြတဲ့ ချင်းပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်နေကြောင်းကိုလည်း ချင်းတော်လှန်ရေး တပ်ဖွဲ့များက မနေ့က ၆.၀၅.၂၀၂၁ မှာကြေညာချက်ထုတ်ခဲ့ကြပါတယ်။ See less

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...