Skip to main content

၂၀၂၁-၀၅-၁၁ စစ်ရေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာတွင် ယမန်နေ့ (မေ ၁၁) ညပိုင်း၌ စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ယမန်နေ့ (မေ ၁၁ ) ည ၉ နာရီဝန်းကျင် သမင်ခြံကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်သည် ၎င်းရွာမှ အသက် ၃၅ နှစ်အရွယ် ကိုကျော်မြင့်ဆိုသူကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“သူက စိတ်ဝေဒနာ ခံစားနေရတာ။ အမြဲတမ်းဖောက်နေတာတော့ မဟုတ်ဘူး။ တခါတရံ ထထဖောက်တာ။ စစ်သားတွေကို ဆဲတယ်လို့ပြောတယ်။ အဲ့ဒီမှာ အိမ်ထဲထိ ဝင်ပစ်သွားတာ။ သေနတ်နဲ့ပစ်သတ်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သမင်ခြံကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။  

ပြီးခဲ့သည့် မေ ၆ ကတည်းက သမင်ခြံကျေးရွာနှင့် အနီးနားကျေးရွာများ၌ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် သမင်ခြံကျေးရွာအတွင်း စစ်တပ်က တပ်စွဲထားလိုက်သည်။

ထို့နောက် ၎င်းရွာအတွင်း မကြာခဏဆိုသလို စစ်တပ်က နေအိမ်များကို ရှာဖွေမွှေနှောက်ပြီး ပစ္စည်းများပါ လုယက်ယူငင်နေ၍ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေသည်။ 

လူ နှစ်ထောင်ကျော်နေထိုင်သော သမင်ခြံကျေးရွာအတွင်း နေထိုင်သူမှာ အယောက် ၅၀ ဝန်းကျင်သာ ကျန်တော့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ကနီမြို့နယ် ကလေးဝ - ယာကြီး - မုံရွာ လမ်းမအနီး ကျေးရွာများနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကျေးရွာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များသည် စစ်တပ်နှင့် မေ ၆ မှ စတင်ကာ အပြန်အလှန်ပစ်ခတ်နေပြီး ဒေသခံတို့က တူမီးအပါအဝင် ရရာလက်နက်ဖြင့် ခုခံနေသည်။ 

ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တူမီးသေနတ်ရှာဖွေရန် အကြောင်းပြကာ စစ်တပ်က တစ်အိမ်တက်ဆင်း မွှေနှောက်ရှာဖွေကာ၊ ဒေသခံများကို ရိုက်နှက်စစ်ဆေးမေးမြန်းနေသည်။ 

မေ ၁၀ ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံအုပ်စု စိမ့်အင်တိုင်းရွာမှ အမျိုးသား  ၁၄ ဦးကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ တူမီးသေနတ်အကြောင်း စစ်ဆေးမေးမြန်းရိုက်နှက်ကာ ဖမ်းဆီးသွားသည်။

ယနေ့မနက်၌ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေကာ ဒေသခံ  ၃၀ ကျော်ကို ရိုက်နှက်စစ်ဆေးသည်ဟု သိရသည်။

“မနက်အစောကြီးကတည်းက သေနတ်ဖောက်ပြီး ရွာကို ဝင်နေတယ်။ အရပ်ဝတ်တွေလည်းပါတယ်။ လက်နက်ကြီးတွေလည်းပါတယ်။ အခု ရွာက အယောက် ၃၀ လောက်ကို ဖမ်းဆီးရိုက်နှက်ပြီး မေးမြန်းနေတယ်။ ယောက်ျားလေးဆိုရင် ဘယ်အရွယ်ဖြစ်ဖြစ် အလွတ်မပေးဘူး။ အသက်မပြည့်သေးတဲ့သူတွေလည်းပါတယ်။ အကုန်ဖမ်းနေတာ” ဟု ကနီမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

စိတ်ကျန်းမာရေးမကောင်းသူကို ပစ်သတ်မှု၊ ဒေသခံတို့ကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ အကြမ်းဖက်မှုကို ခုခံသော အရပ်သားများကို ဆူပူအကြမ်းဖက်သူများဟု စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။

မကြာသေးခင်ရက်များက ဇီးပင်တွင်းကျေးရွာတွင် စစ်တပ်နှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နောက်ရက်များတွင် ၎င်းရွာအတွင်း စစ်တပ်က ရှာဖွေမွှေနှောက်ခဲ့သည်။ 

ထိုသို့ စစ်တပ်က ကနီမြို့နယ်အတွင်း ကျေးရွာများအပေါ် ဆက်တိုက်ဖိနှိပ်နေမှုကြောင့် ရွာ ၃၀ ကျော်မှ ဒေသခံ ရှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။

ဧပြီလဆန်းပိုင်းမှ လက်ရှိအချိန်အထိ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၁၉ ဦး သေဆုံးပြီး ၅၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားသည်။ 

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...