စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးခဲ့သော ကရင်နီပြည်နယ်က တိုက်ပွဲများ ကယားပြည်နယ်တွင် မေ ၂၁ မှ မေ ၃၁ အထိ ၁၀ ရက်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၇၆ ဦးထက်မနည်းရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ကရင်နီဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးဖိနှိပ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အခြေအနေ တင်းမာသထက် တင်းမာလာကာ ကရင်နီလူမျိုးများနေထိုင်ရာ ကယားပြည်နယ်တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားသည်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကယားပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အဖြစ် ပေါင်းစည်းဖွဲ့စည်းကာ အာဏာသိမ်းစစ်ကောင်စီကို အင်အားအလုံးအရင်းဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။ လက်နက်အင်အား သာလွန်ကောင်းမွန်သော်လည်း ကရင်နီပြည်သူလူထု၏ စုဖွဲ့ခုခံတော်လှန်မှုကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံး ကြီးမားလျက်ရှိရာ မေ ၂၁၊ ၂၃၊ ၂၅ နှင့် ၃၁ ရက်နေ့များ ဖြစ်ပွားခဲ့သော အပြင်းအထန် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွ...
နွေဦး တော်လှန်ရေး မှတ်တမ်းများ