စမ်းချောင်းသတိ 🚨🚨 ၂၅ .၉.၂၁ ( စနေနေ့ ) #ယနေ့မနက်အစောပိုင်းတွင်ဖြစ်ပွားခဲ့သောမြေနီကုန်းဖြစ်စဥ္အကျဥ္း မြေနီကုန်း မြ၀တီလမ်းတွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ ယနေ့မနက်စောပိုင်း ၁၂နာရီကျော်ကျော်လောက်တွင် မြေနီကုန်း ရှမ်းကုန်းလမ်းမှ DC တစ်စီး တိတ်တဆိတ်၀င်ရောက်လာကာ ရှမ်းကုန်းလမ်းတွင်ရှိသော YES Hair Saloon အကျော်ပြည်လမ်းမဘက်ရှိ လုံးချင်းတိုက်နားတွင်ရပ်ပြီး မြ၀တီလမ်းထဲသို့ လူနှစ်ဦး တိတ်တဆိတ်၀င်ရောက်သွားပါသည်။ မကြာခင် ထို DC သည် ရှမ်းကုန်းလမ်းမှ ၁:၂၀ ၀န်းကျင်ခန့်တွင် တိတ်တဆိတ် ပြန်လည်ထွက်ခွါပြီး ၁:၃၀ ခန့်တွင် အင်အား အလုံးရင်းဖြင့် ပြန်လည်၀င်ရောက်လာကာ YES Hair Saloon နားက လုံးချင်းတိုက်နားတွင် ကားရပ်ပြီး လူတစ်ဦးမှ စကားပြောစက်ဖြင့် ညွှန်ကြားမှုများပေးကာ မကြာခင်မှာပဲ သေနတ်သံများစတင်ကြားရပါသည်။ ထိုပစ်ခတ်မှုကို စခများဘက်မှ စတင်ပစ်ခတ်တာဖြစ်ပြီးတော့ ပစ်ခတ်ချိန်ကြာမြှင့်မှုမှာ ၁၅ - ၂၀ မိနစ် ကြာမြှင့်ကာ လမ်းမပေါ်သို့ပင် ကျည်ကျသံကြားများပင် ကြားခဲ့ရပါသည်။ မြ၀တီလမ်းရှိ တိုက်တံခါး၏ ရိုက်ချိုးသံများလဲ ကြားခဲ့ရပြီး အေ၀းမှ ပြန်လည်ပစ်ခတ်သံ ၂ ချက် ၃ ချက်မျှ ကြားရသော်လည်း စခမ...
နွေဦး တော်လှန်ရေး မှတ်တမ်းများ