Skip to main content

မကြယ်စင် အုတ်ဂူဖွင့်ဖေါက် စစ်ဆေးခြင်း

မကြယ်စင်၏ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးပြီး ပြန်ထားသွားကြောင်း ယူနန်သုဿန်အတွင်းနေထိုင်သူတွေကပြောသည်။

မတ်လ၃ရက်နေ့က ဦးခေါင်းကျည်မှန်ဒဏ်ရာနဲ့သေဆုံးခဲ့ပြီး မတ်လ၄ရက်နေ့က ဂူသွင်းသဂြိုလ်

ခဲ့သူ မကြယ်စင်ရဲ့ ရုပ်အလောင်းကို မှုခင်းဆရာဝန်၊ရှေ့နေအပါအဝင်ရဲနဲ့စစ်တပ်ပူးပေါင်းအဖွဲ့က လာရောက်တူးဖော်ကာခွဲစိတ်မှုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများကပြောသည်။

"ခေါင်းကိုခွဲစိတ်တယ်။ပြီးတော့ လက်တစ်စစ်လောက်ရှိတဲ့အရာတစ်ခုတွေ့တယ်ဆိုတဲ့အသံကြားလိုက်တယ်။ကျွန်တော်တို့ကအဝေးကဆိုတော့ ဘာလဲဆိုတာသေချာမမြင်လိုက်ရဘူး"ဟု သုဿန်အတွင်းနေထိုင်သူတစ်ဦးကဆိုသည်။

မနေ့ညနေ လေးနာရီခွဲအချိန်ခန့်ကအဆိုပါပူးပေါင်းအဖွဲ့တွေရောက်ရှိလာပြီး သုဿန်တံခါးများအကုန်ပိတ်ကာ သုဿန်ဝန်ထမ်းများကို ဓာတ်ပုံ၊ဗီဒီယိုမရိုက်ရန်နှင့်အနားမကပ်ရန် သတိပေးမှုများပြုလုပ်ခဲ့သည်ဟုဆိုသည်။

ည၇နာရီအကျော်တွင် မကြယ်စင်၏ ရုပ်အလောင်းကို ဂူအတွင်းပြန်လည်ထည့်ပေးကာ စစ်ကားနဲ့ရဲကားများက ကျေးရွာအတွင်းကဖြတ်မပြန်ဘဲ လမ်းလွှဲမှ ပြန်သွားကြောင်းသိရသည်။

၄င်းတို့ပြန်ပြီးနောက် အုတ်ဂူနံဘေး၌ သွေးစွန်းနေသောလက်အိတ်များ၊ခွဲစိတ်ခန်းသုံး အကျီ်၊ဖိနပ်တို့ ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မတ်လ၃ရက်နေ့က ဦးခေါင်းကျည်မှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး မတ်လ ၄ ရက်နေ့က ဂူသွင်းသဂြိုလ်ခဲ့သူ မကြယ်စင်ရဲ့ ရုပ်အလောင်းကို မှုခင်းဆရာဝန်၊ ရှေ့နေအပါအဝင် ရဲနဲ့ စစ်တပ်ပူးပေါင်းအဖွဲ့က လာရောက်တူးဖော်ကာ ခွဲစိတ်မှုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

"ခေါင်းကို ခွဲစိတ်တယ်။ ပြီးတော့ လက်တစ်စစ်လောက်ရှိတဲ့ အရာတစ်ခုတွေ့တယ်ဆိုတဲ့ အသံကြားလိုက်တယ်။ ကျွန်တော်တို့က အဝေးကဆိုတော့ ဘာလဲဆိုတာ သေချာမမြင်လိုက်ရဘူး။"ဟု သုဿန်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

မနေ့ညနေ လေးနာရီခွဲအချိန်ခန့်က အဆိုပါပူးပေါင်းအဖွဲ့တွေ ရောက်ရှိလာပြီး သုဿန်တံခါးများအကုန်ပိတ်ကာ သုဿန်ဝန်ထမ်းများကို ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ရန်နှင့် အနားမကပ်ရန် သတိပေးမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ည ၇ နာရီအကျော်တွင် မကြယ်စင်၏ ရုပ်အလောင်းကို ဂူအတွင်းပြန်လည်ထည့်ပေးကာ စစ်ကားနဲ့ရဲကားများက ကျေးရွာအတွင်းက ဖြတ်မပြန်ဘဲ လမ်းလွှဲမှ ပြန်သွားကြောင်း သိရသည်။

၄င်းတို့ ပြန်ပြီးနောက် အုတ်ဂူနံဘေး၌ သွေးစွန်းနေသော လက်အိတ်များ၊ ခွဲစိတ်ခန်းသုံး အကျီ်၊ဖိနပ်တို့ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။



Source: miazzima

ခေါင်းကျည်ထိမှန် သေဆုံးခဲ့သည့် မကြယ်စင်၏ ရုပ်အလောင်းကို ဖခင်ထံမှ ခွင့်ပြုချက်တောင်းကာ တူးဖော်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကျည် မဟုတ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ကြောင်း မတ် ၆ ရက် ည ၈ နာရီတွင် MRTV သတင်း၏ ကြေညာချက်အရ သိရသည်။ 

ကြေညာချက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယင်းသေဆုံးသူနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးနိုင်ရေးအတွက် သေဆုံးသူ၏ အလောင်းအား ဆရာဝန်ဖြင့် ခွဲစိတ်စစ်ဆေးရန် လိုအပ်သောကြောင့် သေဆုံးသူ၏ ဖခင်ထံ ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း၊ ထိုသို့တောင်းခံပြီး မတ် ၅ ရက်နေ့တွင် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တရားသူကြီး၊ ဆေးဘက်ဆိုင်ရာ ဆရာဝန်များ၊ သက်သေများနှင့်အတူ တရားသူကြီး၏ ခွင့်ပြုမိန့်ဖြင့် သေဆုံးသူ၏ အလောင်အား အုတ်ဂူမှ ပြန်လည်တူးဖော်စစ်ဆေးခဲ့ကြောင်း သိရသည်။  


ယင်းကဲ့သို့ တူဖော်၍ အသေးစိတ်ခွဲစိတ်စစ်ဆေးခဲ့ရာ ရရှိခဲ့သောဒဏ်ရာမှာ ဦးခေါင်းဝဲဘက်၊ နားရွက်နားမှ ဖောက်ဝင်ခြင်းဖြစ်ပြီး ဦးနှောက်အတွင်း ကပ်လျက် အလျား ၁ ဒသမ ၂ စင်တီမီတာ၊ အနံ ၀ ဒသမ ခုနစ် စင်တီမီတာခန့် အရွယ်အစားရှိ ခဲသတ္တုအစိတ်အပိုင်းတစ်ခုကို တွေ့ရှိရကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။ ဆက်လက်ပြီးအဆိုပါတွေ့ရှိရသည့် ခဲသတ္တုအစိတ်အပိုင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ကိုင်ဆောင်အသုံးပြုနေသည့် အဓိကရုဏ်းနှိမ်နင်းရေး ခဲယမ်းများ၊ ချေမှုန်းရေး ခဲယမ်းများနှင့် ကျည်ထိပ်ဖူးနှင့် ကွာခြားမှုရှိနေကြောင်း တွေ့ရှိရကြောင်း MRTV သတင်း၏ ကြေညာချက်အရ သိရသည်။

ဦးခေါင်း သေနတ်ကျည်ထိမှန် ကျဆုံးခဲ့ရသည့် မြန်မာပြည်ဖွား တရုတ်လူမျိုး အသက် ၁၉ နှစ်အရွယ် မကြယ်စင်၏ ရုပ်အလောင်းကို တပ်ဘက်လုံခြုံရေးအဖွဲ့က လာရောက် တူးဖော်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သေဆုံးသူ မိသားစုဝင်များနှင့် နီးစပ်သူများနှင့် ယူနန်သုသာန် ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။ 

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။