Skip to main content

မကြယ်စင် ကျဆုံးမှု

မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး တပ်ပေါင်းစုသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူနှစ်ဦးသေဆုံးပြီး အခြား ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများကို ယနေ့ (မတ် ၃) နံနက် ၁၀ နာရီဝန်းကျင် တွင် မျက်ရည်ယိုဗုံးများဖြင့် စတင်ဖြိုခွင်းခဲ့ပြီး နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် လမ်း ၈၀ တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် မကြယ်စင်မှာ ဦးခေါင်းကျည်ထိမှန်ခဲ့သည့်နည်းတူ အသက် ၃၇ နှစ်အရွယ် ကိုမျိုးနိုင်လင်း(ခ)ဖိုးလင်းမှာ လည်း ရင်ဘတ်ကို ကျည်ထိမှန်ခဲ့ပြီး ၎င်းတို့နှစ်ဦးလုံး အပစ်ခံရသည့်နေရာမှာပင် သေဆုံးခဲ့သည်ဟု ဗြမ္မစိုရ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

မန္တလေးမြို့တွင် ဆန့်ကျင်ရေးတပ်ပေါင်းစုသပိတ်စစ်ကြောင်းကို လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းနေစဉ်။


ထို့ပြင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူ အခြားသူ ၈ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဒဏ်ရာရာရရှိသူများ ထပ်မံရောက်ရှိနေဆဲဖြစ်သည်ကြောင်း ဗြမ္မစိုရ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဦးခေါင်းတွင် ဒဏ်ရာရထားသူတစ်ဦး။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ဖြိုခွင်းရန် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ ဝင်များက အင်အားအလုံးအရင်းဖြင့် နံနက်ပိုင်းကတည်းက ရောက်ရှိလာခြင်းဖြစ်သည်။ 

ထိုဆန္ဒပြသပိတ်စစ်ကြောင်းနှင့် မလှမ်းမကမ်းရှိ ဈေးချိုအနီး ၂၈ ထပ်ရှိ မန်းမြန်မာပလာဇာ အပေါ်ဆုံး ထပ်တွင်လည်း စနိုက်ပါသေနတ်သမားအချို့ ကြိုတင်နေရာယူခဲ့သည်ဟု မျက်မြင်သက်သေအချို့က ပြောသည်။

https://www.youtube.com/watch?v=O_H2MyPtv9A

Source: Myanmar Now

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...