ရန်ကုန်တဖက်ကမ်း တွံတေးမြို့ တွင် ယမန်နေ့ (မတ် ၁၃)က ဖြစ်ပွားသည့် စစ်ကောင်စီလက်နက်ကိုင်များ များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ၁၃ ဦးထက်မနည်းရှိ ကြောင်း ကူညီဆောင်ရွက်ပေးနေသော လူမှုရေးအသင်းနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။ ယမန်နေ့ နေ့လယ်၂ နာရီခန့်က လှိုင်သာယာမြို့နယ်ဘက်မှရောက်ရှိလာသည့် တပ်မ ၇၇ မှ စစ်ကား ၁၅ စီးခန့်က တွံတေးမြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူများထဲမှ ၅ ဦးကို ညနေ ၆ နာရီခွဲခန့်တွင် ပရဟိတ ကားများဖြင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ အတင်းအကျပ်ပို့ဆောင်စဉ် ၂ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါမြို့ခံက ပြောသည်။ ယမန်နေ့ညပိုင်းက မင်္ဂလာဒုံစစ်ဆေးရုံပို့ဆောင်စဉ် ထပ်မံသေဆုံးသူနှစ်ဦးမှာ အသက် ၃၅ နှစ်အရွယ် ကိုမောင်ပိုင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုလှမင်းသူတို့ဖြစ်ပြီး ယနေ့နေ့လယ်ပိုင်းတွင် အလောင်း ထုတ်ယူရန် အကြောင်းကြားလာခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။ “အခုပဲအလောင်းသွားယူဖို့ပြင်ဆင်နေကြတာပါ။ အလောင်းပြန်သယ်ခွင့်ပေးလို့ အခုပဲ မိသားစုက မှတ်ပုံတင်ရယ်...
နွေဦး တော်လှန်ရေး မှတ်တမ်းများ