Skip to main content

ညီညီအောင်ထက်နိုင်

နေ့ နံနက်စောစောပိုင်းက လှည်းတန်းလမ်းဆုံအနီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ က သေနတ်နဲ့ ပစ်ခတ် ဖြိုခွဲတာကြောင့် ကမာရွတ်မြို့နယ် အ.ထ.က(၅) ကျောင်းရှေ့မှာ အသက်၂၃ နှစ်အရွယ် တက္ကသိုလ် ကျောင်းသား ညီညီ အောင်ထက်နိုင် ဆိုသူရဲ့ ရင်ဘတ်ကို ထုတ်ချင်းပေါက် သေနတ်ထိမှန်ကာ သေဆုံးခဲ့ပါတယ်။

ထောင်နဲ့ချီ ဆန္ဒပြနေတဲ့ လူထုကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့်လည်း ညီညီ ကဲ့သို့ အခြားသူ အချို့လည်း သေနတ် ထိမှန်ကာ သေဆုံးခဲ့ရသလို ၇ ဦးထက် မနည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို ညီညီနဲ့ အတူ သွားရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ညီညီ ရဲ့ အမွှာအစ် ကို ဖြစ်သူ ကိုကိုအောင်ထက်နိုင်နဲ့ ဆက်သွယ်ပြီး မေးမြန်ထားပါတယ်။

မေး။ ။ လှည်းတန်း ကျောင်းရှေ့မှာ သေနတ်ထိမှန်တဲ့ ညီညီရဲ့ အကိုလို့သိရတယ်၊ အခြေအနေ ဖြစ်စဉ်ကို ပြောပြပေးပါဦး

ဖြေ။ ။ ဒီနေ့ လှည်းတန်းကျောင်းရှေ့မှာ သေနတ်ထိမှန်ခဲ့တာ ကျနော်ရဲ့အမွှာညီပါဗျ။ ဒဏ်ရာကြောင့်ပဲ သေဆုံးခဲ့ပြီဆို တာ အတည်ပြုပါတယ်။ ဒီကျောင်းရှေ့မှာ ပစ်သတ်ခံလိုက်ရတာပါ၊ ရင်ဘတ်ကနေ ထုတ်ချင်းပေါက်သွားတယ်လို့ သိရပါ တယ်။ သူ့အသက်က၂၃ နှစ် ရှိပါပြီ။

မေး။ ။ အရင် ရက်တွေကရော ညီအစ်ကိုတွေ ဆန္ဒထွက်ပြ ဖြစ်ကြသေးလား။

ဖြေ။ ။ အရင်ကလည်း တပတ်လုံး မဟုတ်ရင်တောင် တပတ်ကို လေးရက်လောက် ရက်ခြားပြီး ဆန္ဒသွားပြကြပါတယ်။ သွားတဲ့အခါမှာလည်း သူငယ်ချင်းတွေ စုပြီးတော့ သွားဖြစ်ကြပါတယ်။

မေး။ ။ ဒီကနေ့ ပစ်ခတ်တဲ့ အခြေအနေတွေကို ဘယ်လို မြင်တွေခဲ့ရလဲ။

ဖြေ။ ။ ဒီနေ့ ကျနော်တို့ အတူတူသွားကြတာပါ။ ဖြစ်တဲ့အချိန်က ကျနော်တို့ သူ့နားမှာတော့ မရှိဘူး။ ဖြစ်ပုံက ဒီနေ့ ကျနော် တို့ အင်းစိန်လမ်းအတိုင်းဆို လမ်းပိတ်မှာ စိုးလို့ ဗဟိုလမ်းဘက်က သွားပြီးတော့ ရထားလမ်း ခုံးတံတားအောက်မှာ ဆင်း တာပေါ့။ အဲဒီ တံတားပေါ်မှာ ရဲက တပ်စွဲထားတာကို သတိမထားမိလိုက်ဘူး။ တပ်စွဲထားမှန်းသိလိုက်တဲ့အချိန် လှည်းတန်း ဘက်ကို အမြန်သွားကြတော့ လည်းတန်းဈေးနားမှာ ရဲက ထပ်ပြီး တပ်စွဲထားတော့ ကျနော်တို့က ကြားထဲမှာ ဖြစ်သွား တယ်။

 ပစ်ခတ်ခံရ၍ လဲကျသွားသော ညီညီအောင်ထက်နိုင်ကို သယ်ဆောင်နေကြစဉ် ကိုညီညီအောင်ထက်နိုင် ပစ်ခတ်ခံရသည့်နေရာ

ပထမတော့ ဘေးက တိုက်ခန်းတွေထဲ ဝင်ပုန်းပါသေးတယ်။ သူတို့ဘက်က မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေနဲ့ ခြောက် တော့ ဆန္ဒ ထွက်ပြကြသေးတယ်။ ပိတ်မိနေတုန်းမှာပဲ လူတထောင်လောက်က ဆန္ဒ ထုတ်ဖော်ကြတယ်။ အဲဒီမှာ မျက် ရည်ယိုဗုံးတွေနဲ့ ပစ်တယ်။ တချို့ထိမှန်ကြတယ်။ တပြိုင်နက်တည်း အသံဗုံးတွေလည်း ပစ်တယ်။ ပထမ တခေါက်က တော့ သူတို့က ကျည်အစစ်တော့ မသုံးသေးဘူး။


ဆန္ဒပြ ဦးဆောင်တဲ့ သူတွေက ရုတ်ရုတ်သဲသဲတွေ ဖြစ်မှာစိုးလို့ အကုန်လုံး ထိုင်ကြဖို့ မေတ္တာရပ်ခံတယ်။ အဲဒီနောက် အားလုံး ထိုင်ကြတဲ့အချိန်မှာပဲ သေနတ်နဲ့ တောက်လျောက် ဆွဲချလိုက်တယ်။ အဲဒီအချိန်မှာ ကျောင်းရှေ့က တံတိုင်းတွေ၊ ကားမှတ်တိုင်ကမှန်တွေ ထိပြီး လူ ၃၊ ၄ ယောက်လဲ တပြိုင်တည်း တန်းထိသွားတယ်။ အကုန်လုံးက ပြေးလွှားကြတာပေါ့။ နောက်ပြီး ထိသွားတဲ့ လူနာတွေကိုလည်း သွားကောက်ဖို့က အဆင်မပြေဘူး။ သွားကောက်တဲ့ သူတွေကိုပါ ပစ်တယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ရသလောက်ကို စုတယ်။ လမ်းကြားတွေထဲ ပြေးပြီး ကုကြတယ်။ ကျန်းမားရေး စင်တာတွေ ကို ပို့တယ်။

မေး။ ။ ညီဖြစ်သူ အပစ်ခံရတဲ့ ဖြစ်စဉ်ကိုရော ဘယ်လို သိလိုက်ရလဲ။

ဖြေ။ ။ ကျနော့် ညီကျတော့ ကျောင်းရှေ့မှာ လဲနေတယ်။ သူ့ကို သွားကောက်ဖို့ ကြိုးစားကြပေမယ့် အဆင်မပြေဘူး။ အဲဒီ ချိန်မှာ မြင်လိုက်ရတဲ့ ဗီဒီယိုတခုမှာ အင်္ကျီအဖြူနဲ့ လူငယ်တယောက်က သွားခေါ်နေတယ်။ အဲဒီအချိန် ခေါ်တဲ့လူကိုလည်း လှမ်းပြီး ပစ်ပါတယ်။ သူလည်း အုတ်တံတိုင်း ကွယ်ပြီး ရအောင် သွားတယ်။ သူ့လည်း ဗိုက်မှာ ရှပ်ပြီး ထိသွားတယ်။ ကျနော့်ညီကို သွားကယ်ဖို့ သွားတဲ့ သာမန်ပြည်သူကိုတောင် သူတို့ လှမ်းပစ်သတ်ပါတယ်။

ဒါပေမယ့်လည်း သွားကယ်တဲ့ အစ်ကိုက ရအောင် ဆွဲထုတ်လာပြီး လူနာတင်ကားနဲ့ ကျန်းမာရေး စင်တာတခုကို သွားပို့ပေ မယ့် စင်တာရောက်တော့ ကျနော့်ညီ အသက် မရှိတော့ပါဘူး။ နောက်ပိုင်း ရန်ကုန်ဆေးရုံးကြီးကို ပို့လိုက်တယ်တော့ ပြော ပါတယ်။

ပစ်ခတ်ခံရ၍ လဲကျသွားသော ညီညီအောင်ထက်နိုင်ကို သယ်ဆောင်နေကြစဉ် ကိုညီညီအောင်ထက်နိုင် ပစ်ခတ်ခံရသည့်နေရာ

မေး။ ။ ဒီလိုမျိုး ဆန္ဒပြလူထုကို ပစ်ခတ်သတ်ဖြတ်တဲ့ လုပ်ရပ်ကို ဘယ်လို ထင်မြင်ပါသလဲ။

ဖြေ။ ။ သူတို့ လုပ်ရပ်ကို ရိုင်းတာတို့၊ အောက်တန်းကျတာတို့ ဆိုတာထက် ပိုကြီးတဲ့ စကားလုံးရှိရင်တောင် သူတို့နဲ့ ထိုက် တန်တယ်။ ဒါ မလုပ်သင့်ဘူး။ ဆန္ဒပြသူတွေက ကိုယ့်ရဲ့ဆန္ဒ၊ ကိုယ့်ရဲ့အသံတွေကို ပြည်သူတွေကြားဖို့၊ အစိုးရကြားဖို့၊ တကမ္ဘာလုံးက ကြားဖို့ ထုတ်ဖော်ကြတာပါ။ ဒါကို သူတို့အနေနဲ့ မလိုအပ်ဘဲ လက်နက်အလွန်အကျွံသုံးပြီး ပစ်ခတ် သတ်ဖြတ်တာတွေက လုံးဝ မလုပ်သင့်တဲ့ ကိစ္စပါ။ လုံးဝ ရှုတ်ချပါတယ်။

ပစ်ခါနီးမှာလည်း သူတို့က ကြိုတင်အသိပေးတာ၊ လူစုခွဲဖို့ အချိန်ပေးတာတွေ မကြေညာသလို ဘာမှကြိုတင်အကြောင်း ကြားခြင်း မရှိဘဲ ကျည်အစစ်တွေနဲ့ ပစ်တာတွေက တော်တော်ကို အောက်တန်းကျတဲ့ လုပ်ရပ်တွေလို့ ထင်ပါတယ်။

မေး။ ။ ဒီနေ့ ဖြစ်စဉ်အပေါ် ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ဘက်က ဖြစ်စေချင်တာတခု ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော့်ညီတင် မဟုတ်ဘဲ ကျဆုံးခဲ့ရ သူအားလုံးအတွက် တရားမျှတမှု ဖြစ်စေချင်တယ်။ အကုန်လုံးကိုလည်း သူတို့ ဆုံးရှုံးသွားတဲ့ အသက်တွေက အလကား မဖြစ်စေရဘူး ဆိုတာမျိုးပေါ့။ တာဝန်ယူ၊ တာဝန်ခံတဲ့ဟာမျိုး ဖြစ်စေချင်ပါတယ်။ နောက်ပြီး ကျနော်တို့ နိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း နိုင်ငံတကာက သိစေချင်ပါတယ်။


Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...