တမူးမှာ စစ်တပ်နဲ့ ပြည်သူတို့ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၃ ဦး သေဆုံး
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ ဧပြီလ ၁၀ ရက် ဒီကနေ့ နေ့လည်ပိုင်းက စစ်တပ်နှင့် ပြည်သူတို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့၀င် ၁၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ဒေသခံတွေဆီကသိရပါတယ်။
ပြည်သူဖက်က ခံတပ်အများအပြား ဆောက်လုပ်ထားတဲ့အထဲက အလောင်းဘုရားလမ်းကခံတပ်ကို ဒီကနေ့ နေ့လည် ၁၂ ေကျာ်မှာ လာရောက်ဖြိုခွင်းခဲ့တာပါ။
အဲ့ဒီ့နောက် နာဂဘုရားကျောင်း၀န်းအနီး စစ်တပ်က ပြန်အဆုတ်မှာပြည်သူတစ်ဦးက ဗုံးဖြင့် လှမ်းပစ်ရာ စစ်ကောင်စီဖက်က ၁၃ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အတည်မပြုနိုင်သေးတဲ့သတင်းတွေ အရ ပြည်သူဘက်က ၂ ယောက်ကျဆုံးတယ်လို့တော့ ကြားသိရပါတယ်။
စစ်ကောင်စီဖက်က တိုက်ပွဲမှာပါဝင်တာမရှိတဲ့ ဆိုင်ကယ်စီးပြည်သူတစ်ယောက်ကို ပစ်ခတ်သွားခဲ့သေးတယ်လို့ တမူးမြို့ခံတွေကပြောပါတယ်။
ဒီကနေ့ ညနေပိုင်းမှာတော့ တမူးမြို့ပေါ် နေရာအချို့မှာ သေနတ်ပစ်သံအချို့ ကြားနေရဆဲလည်းဖြစ်ပါတယ်။
ဆလိုင်းဇိုးသန့် See less