တစ်နိုင်ငံလုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု ကြေညာပြီး နှစ်လနီးပါးရှိလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) အချို့ ပူးပေါင်းပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee/C3C) ဖွဲ့စည်းလိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ပြောသည်။ ထိုကော်မတီအောက်တွင် စစ်တိုင်းအလိုက် စစ်ဒေသဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့ စသဖြင့် ပါဝင်မည်ဖြစ်ကာ Chain of Command (အဆင့်ဆင့်ကွပ်ကဲမှုစနစ်) ဖြင့် စစ်ကောင်စီကို ထိရောက်စွာ ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို ယနေ့ (အောက်တိုဘာ ၂၈) ပြောကြားသည်။ "(ကော်မတီမှာ) NUG က ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေပါဝင်သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးဆိုင်ရာ ခေါင်းဆောင်များပါဝင်ပြီးတော့ စုပေါင်းဦးဆောင်မှုမျိုးနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ သို့သော် ထိုကော်မတီတွင် ပါဝင်ပြီးဖြစ်သည့် EAO နှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စများကို အဓိကကြီးကြပ...
နွေဦး တော်လှန်ရေး မှတ်တမ်းများ