Skip to main content

Posts

Showing posts from April, 2021

ရန်ကုန်

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် မိုးသည်းထန်စွာ ရွာနေသည့်ကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေး မြို့နယ်ပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ (ဧပြီ ၃၀ရက်) နေ့လယ်ပိုင်း၌ ချီတက်ဆန္ဒပြခဲ့သည်။ ယင်းသပိတ်စစ်ကြောင်းတွင် သင်္ဃန်းကျွန်း၊ မြေနီကုန်း(စမ်းချောင်း)၊ လှိုင်၊ မင်္ဂလာတောင်ညွန့် စသည့် မြို့နယ်အသီးသီးမှ လူငယ် ၂၀၀  ဝန်းကျင် ပါဝင်ခဲ့ကြသည်။ "ဆက်လက်ပုန်ကန်နေမည့် ရန်ကုန်" ၊ "အပီဝုန်းမယ့် မြေနီကုန်း"၊ "လုံးဝအုပ်ချုပ်ခွင့်မရစေရ" စသည့် စာတန်းများကိုင်ဆောင်၍ ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဖမ်းဆီးခံခေါင်းဆောင်များလွှတ်ပေးရေး ​ဆန္ဒပြကြွေးကြော်ခဲ့သည်။ ရန်ကုန်မြို့တွင် စစ်ကောင်စီ၏လက်နက်ကိုင်အဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုများ ရှိသော်လည်း မြို့နယ်အသီးသီး၌ ပြောက်ကျားပုံစံဖြင့် စစ်အာဏာသိမ်းပြီး ၈၉ ရက်ရှိသည့်တိုင် ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ အဆိုပါမြို့နယ်ပေါင်းစုံသပိတ်စစ်ကြောင်းကို ယနေ့ မွန်းတည့်  ၁၂ နာရီဝန်းကျင်၌ ရဲနှင့်စစ်သားများက လာရောက်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လူငယ် ၄ ဦးခန့် ဖမ်းဆီးခံလိုက်ရကြောင်း ပူးပေါင်းပါဝင်ခဲ့သူတစ်ဦးက ပြောသည်။ (ဓာတ်ပုံ- C...

မင်းတပ်

မင်းတပ်မှာ သိသိသာသာ အထိနာသွားတဲ့ စစ်ကောင်စီတပ်မတော် မင်းတပ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့တွေနဲ့ ဒေသခံချင်းလူမျိုးတွေရဲ့ တူးမီးသေနတ်ကိုင် ကာကွယ်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်က အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေသေဆုံးမှုတွေရှိခဲ့ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့မှာ အကြီးမားဆုံး ပဋိပက္ခလည်းဖြစ်ပါတယ်။  ပြည်သူ ၇ ဦးကိုဖမ်းဆီးရာက ပဋိပက္ခ စတင် မင်းတပ်မြို့က ဆန္ဒပြပွဲတွေဟာ တခြားမြို့က ဆန္ဒပြပွဲတွေနဲ့ နည်းနည်းကွာပါတယ်။ အာဏာပိုင်တွေနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေရှိပါတယ်။ နှစ်ဖက်အကြား နားလည်မှုယူပြီး ဆောင်ရွက်တာတွေ ရှိပါတယ်။  “စောစောပိုင်းကတည်းက နှစ်ဖက်အကြားမှာ နားလည်မှုယူပြီးဆောင်ရွက်တာတွေ၊ ညှိနှိုင်းတာတွေရှိပေမဲ့ အခုနောက်ပိုင်းကျသူတို့က ကျပ်လာတယ်။ ဆန္ဒမပြရဘူးလို့ တားတာတွေလုပ်လာတယ်။ ဒါကတော့ ငြိမ်းချမ်းစွာဆန္ဒပြတာက ကျွန်တော်တို့အခွင့်အရေးပဲလေ။ ဒါကိုတော့ မရပ်နိုင်ဘူးလို့ကျွန်တော်တို့ကပြောတယ်။ သူတို့က ကျွန်တော်တို့ထဲက ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာတွေ ဘာတွေ လုပ်လာတယ်။ ကျွန်တော်တို့ ဆန္ဒပြတာ အရမ်းငြိမ်းချမ်းတယ်နော်။ ဘာပြဿနာမှရှိဖူးတာ မ...

၂၀၂၁-၀၄-၁၀ စစ်ရေး

တမူးမှာ စစ်တပ်နဲ့ ပြည်သူတို့ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၃ ဦး သေဆုံး အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ ဧပြီလ ၁၀ ရက် ဒီကနေ့ နေ့လည်ပိုင်းက စစ်တပ်နှင့် ပြည်သူတို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့၀င် ၁၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ဒေသခံတွေဆီကသိရပါတယ်။ ပြည်သူဖက်က ခံတပ်အများအပြား ဆောက်လုပ်ထားတဲ့အထဲက အလောင်းဘုရားလမ်းကခံတပ်ကို ဒီကနေ့ နေ့လည် ၁၂ ‌ေကျာ်မှာ လာရောက်ဖြိုခွင်းခဲ့တာပါ။ အဲ့ဒီ့နောက် နာဂဘုရားကျောင်း၀န်းအနီး စစ်တပ်က ပြန်အဆုတ်မှာပြည်သူတစ်ဦးက ဗုံးဖြင့် လှမ်းပစ်ရာ စစ်ကောင်စီဖက်က ၁၃ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေ အရ ပြည်သူဘက်က ၂ ယောက်ကျဆုံးတယ်လို့တော့ ကြားသိရပါတယ်။ စစ်ကောင်စီဖက်က တိုက်ပွဲမှာပါဝင်တာမရှိတဲ့ ဆိုင်ကယ်စီးပြည်သူတစ်ယောက်ကို ပစ်ခတ်သွားခဲ့သေးတယ်လို့ တမူးမြို့ခံတွေကပြောပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ တမူးမြို့ပေါ် နေရာအချို့မှာ သေနတ်ပစ်သံအချို့ ကြားနေရဆဲလည်းဖြစ်ပါတယ်။ ဆလိုင်းဇိုးသန့် See less