နေ့ နံနက်စောစောပိုင်းက လှည်းတန်းလမ်းဆုံအနီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ က သေနတ်နဲ့ ပစ်ခတ် ဖြိုခွဲတာကြောင့် ကမာရွတ်မြို့နယ် အ.ထ.က(၅) ကျောင်းရှေ့မှာ အသက်၂၃ နှစ်အရွယ် တက္ကသိုလ် ကျောင်းသား ညီညီ အောင်ထက်နိုင် ဆိုသူရဲ့ ရင်ဘတ်ကို ထုတ်ချင်းပေါက် သေနတ်ထိမှန်ကာ သေဆုံးခဲ့ပါတယ်။ ထောင်နဲ့ချီ ဆန္ဒပြနေတဲ့ လူထုကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့်လည်း ညီညီ ကဲ့သို့ အခြားသူ အချို့လည်း သေနတ် ထိမှန်ကာ သေဆုံးခဲ့ရသလို ၇ ဦးထက် မနည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲကို ညီညီနဲ့ အတူ သွားရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ညီညီ ရဲ့ အမွှာအစ် ကို ဖြစ်သူ ကိုကိုအောင်ထက်နိုင်နဲ့ ဆက်သွယ်ပြီး မေးမြန်ထားပါတယ်။ မေး။ ။ လှည်းတန်း ကျောင်းရှေ့မှာ သေနတ်ထိမှန်တဲ့ ညီညီရဲ့ အကိုလို့သိရတယ်၊ အခြေအနေ ဖြစ်စဉ်ကို ပြောပြပေးပါဦး ဖြေ။ ။ ဒီနေ့ လှည်းတန်းကျောင်းရှေ့မှာ သေနတ်ထိမှန်ခဲ့တာ ကျနော်ရဲ့အမွှာညီပါဗျ။ ဒဏ်ရာကြောင့်ပဲ သေဆုံးခဲ့ပြီဆို တာ အတည်ပြုပါတယ်။ ဒီကျောင်းရှေ့မှာ ပစ်သတ်ခံလိုက်ရတာပါ၊ ရင်ဘတ်ကနေ ထုတ်ချင်းပေါက်သွားတယ်လို့ သိရပါ တယ...
နွေဦး တော်လှန်ရေး မှတ်တမ်းများ